
-impress ကို dictionary ထဲမှာကြည့်မယ်ဆိုရင် သဘောကျစေသည်၊ အထင်ကြီးစေသည်၊ စွဲလမ်းစေသည်လို့ဖွင့်ဆိုထားတာတွေ့ရပါတယ်။
ကျန်တဲ့အဓိပ္ပာယ်လည်းရှိပါသေးတယ်။
Impress ကို verb အနေနဲ့သုံးတဲ့ စာကြောင်းကို ပြချင်ပါတယ်..။
-ဥပမာ..(၁)-I was impressed by her speech.
သူမရဲ့ အပြောအဆိုကို ငါအထင်ကြီးသွားတယ်။
(၂)-She impressed me.
သူမကိုငါအထင်ကြီးတယ်။
-ကြည့်လိုက်ရင် ကြောင်တောင်တောင်ဖြစ်သွားပါလိမ့်မယ်..။
impressed ရဲ့အဓိပ္ပာယ်ကိုက အထင်ကြီးစေတယ်.. စွဲမက်စေတယ်လို့ အဓိပ္ပာယ်ရပါတယ်..။ ရိုးရိုးသာမန် meaning တွေလို အထင်ကြီးတယ် လို့မှတ်ထားမိရင် ဘာသာပြန်တဲ့အခါ ပြောင်းပြန်အဓိပ္ပာယ်ထွက်သွားမှာဖြစ်ပါတယ်..။
ဥပမာအားဖြင့် belong to လို စကားလုံးမျိုးပေါ့..။
(၃)-That car belongs to me.
အဲဒီကားကို ငါပိုင်တယ်..။
(၄)-The earth belongs to the living.
ကမ္ဘာကြီးကို သက်ရှိတွေပိုင်တယ်..။
-ဒါက belong နောက်က to လိုက်တဲ့အသုံးကိုပြတာပါ..။ belong ကိုတခြား အဓိပ္ပာယ်တွေနဲ့လည်းသုံးတတ်ကြပါသေးတယ်..။
-ဒီလိုအသုံးလေးတွေကို လေ့လာထားရင် ဘာသာပြန်တဲ့အခါ သွက်သွက်ခါ အောင်မှားတာမျိုး မကြုံရတော့ပါဘူးဗျာ..။
No comments:
Post a Comment