ဘာသာပြန်သည်ဆိုရာဝယ်..
-ဘာသာပြန်အလုပ်ဟာ
အနုပညာတစ်ရပ်ပါ ဘာသာစကားတတ်ရုံနဲ့ ဘာသာပြန် မတတ်နိုင်ပါဘူး..
ဘာသာပြန်သူတစ်ဦးဟာ.. ဒုတိယ ဘာသာစကားကို လေ့လာ တတ်ကျွမ်းရုံနဲ့
မပြီးသေးပါဘူး။ မိခင်ဘာသာစကားကို နှိုက်နှိုက်ချွတ်ချွတ်၊ နှံ့
နှံ့စပ်စပ်သိနေရမှာဖြစ်ပါတယ်။
-ကိုယ်သိတဲ့အကြောင်းအရာတစ်ခုကို နှုတ်က ပြောတတ်ပေမယ့်.. စာနဲ့ပေနဲ့ ချရေးခိုင်းတဲ့အခါ တစ်ကြောင်းတောင် တော်တော်လေး အချိန်ယူရေးရတာကိုတွေ့ရပါတယ်..။
-ဘယ်အရာမဆို စိတ်ဝင်စားရင်ဖြစ်ပါတယ်..။ အဓိက ကတော့ ဘာသာပြန်ကို စိတ်ဝင်စားရင် ထပ်တလဲလဲ လေ့ကျင့်ပါ၊ ချရေးပါလို့ အကြံပြုချင်တယ်..။
No comments:
Post a Comment