-ဘာသာပြန်ဆရာတစ်ယောက်ဆိုရင် မြန်မာနိုင်ငံမှာဝယ်မရလို့ နိုင်ငံခြား ကတောင်မှာပြီး ၀ယ်တာမျိုးတွေ့ရပါတယ်..။ တစ်ချို့စကားလုံးတွေဟာ မြန်မာစာအဖွဲ့က မူပိုင်ထုတ်ဝေတဲ့ စာအုပ်ကြီးထဲမှာ မပါဝင်ပါဘူး။ English to Myanmar စာအုပ်ကြီးပါ နောက်ဆုံးသိတဲ့ဈေးနှုန်းကတော့ ၁၅၀၀၀ ရှိပါတယ်..။ စာအုပ်အဖုံးချုပ်ပြီးသားဆို ၁၈၀၀၀ ပါတဲ့..။ ဒါပေမယ့် သူ့တစ်အုပ်ထဲ ကိုင်မယ်ဆိုရင် ခေါင်းမီးတောက်ဖို့သာ ပြင်ထားလို့ပြောချင်ပါတယ်..။
-အနည်းဆုံး လက်ထဲမှာ Oxford, Cambridge နဲ့ Long man တို့လို English to English ရှင်းပြထားတဲ့ အဘိဓာန်မျိုး ရှိနေရမှာဖြစ်ပါတယ်..။
-Oxford မှာ မပါတဲ့ စကားလုံးကို Long man မှာ တွေ့ရသလို အဲဒီ နှစ်အုပ်လုံးမှာ မတွေ့ရင် Cambridge မှာ တွေ့တာမျိုး ကြုံရတတ်ပါတယ်..။
-ခေတ်သတင်းတွေ ဘာသာပြန်သူများဆိုရင် Updated ဖြစ်တဲ့ အဘိဓာန်တွေ လိုအပ်ပါတယ်..။ နိုင်ငံတကာ သတင်းတွေမှာ တစ်ခါတစ်လေ စကားလုံးအသစ်တွေ ပါတတ်ပါတယ်..။ Edition နိမ့်တဲ့ စာအုပ်တွေဆိုရင် စကားလုံးသစ်တွေမပါတော့ပါဘူး..။
-နောက်ပြီး ကွန်ပျူတာအသုံးပြုသူများအနေနဲ့ Cambridge တို့ Oxford တို့ Babylon တို့လို ဆော့ဖ်ဝဲ အဘိဓာန်တွေ Install လုပ်ပြီးအသုံးပြုနိုင်ပါသေးတယ်.
-အဘိဓာန်ကို အကောင်းဆုံး အသုံးချနိုင်ပါစေဗျာ..။
No comments:
Post a Comment