မိထွေး၊ ပထွေးဆိုတဲ့ အသုံးအနှုန်းဟာ သားသမီးရှိနေပြီးသား မိသားစုဘ၀ထဲဝင်ရောက်သွားတဲ့ အမျိုးသမီး ဒါမှမဟုတ် အမျိုးသားတွေကို ရည်ညွှန်းတံဆိပ်ကပ်လိုက်တာလို့ ကျွန်မစိတ်ထဲ မကြာခဏ ခံစားရပါတယ်။
ကျွန်မယောက်ျားနဲ့ကျွန်မအတူနေခဲ့တာ ခြောက်နှစ်ကြာပါပြီ။ခင်ပွန်းနဲ့အတူပါလာတဲ့သားသမီးငယ်လေးတွေ ကို လူလားမြောက်လာတဲ့အထိ
ပြုစုပျိုးထောင်ပေးခဲ့တယ်။
သူတို့လေးတွေဟာ နဂိုက
သူတို့ရဲ့မိခင်နဲ့အတူနေခဲ့ကြပေမယ့် ကာလတော်တော်များများဟာကျွန်မတို့နဲ့ အတူတူ ကုန်ဆုံးဖြတ်သန်းခဲ့ပါတယ်။
နှစ်တော်တော်ကြာ ကျွန်မတို့အားလုံး တစ်ဦးနဲ့တစ်ဦး အဆင်ပြေ ညီညွှတ်ဖို့၊
မိသားစုသစ်နဲ့ အံဝင်ဖို့ ကြိုးစားလုပ်ယူခဲ့ရတယ်။
အားလပ်ရက်တွေကိုအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းကြတယ်။အတူတူချက်ပြုတ်စားသောက်ကြတယ်။
အိမ်သန့်ရှင်းရေးတွေအတူတူလုပ်ကြတယ်။ ဘေ့စ်ဘောကစားကြတယ်။ဗီဒီယိုဇာတ်ကားတွေငှားကြည့်ကြတယ်။
ဒါပေမယ့် ကျွန်မကိုယ်တိုင်ကတော့
သူများနယ်မြေကိုသွားပြီးကျူးကျော်နေတဲ့ အပြင်လူတစ်ယောက်လို
ခံစားနေရတုန်းပါပဲ။
ကျွန်မမပါတဲ့မိသားစုအတွင်းစည်းမှာကျွန်မအတွက်
ဖြတ်ကျော်လို့မရနိုင်တဲ့ကန့်သတ်နယ်စည်းတစ်ခု ခြားနေတယ်လို့ ခံစားရတယ်။
ကျွန်မကိုယ်တိုင်ကတော့ သားသမီးမထွန်းကားတာမို့ မိဘနေရာကနေ
အုပ်ထိန်းရတဲ့အတွေ့အကြုံဆိုလို့ ခင်ပွန်းသည်ရဲ့ သားသမီးလေးယောက်ပဲရှိတာပါ။
တစ်ခါတစ်လေလည်း ကျွန်မ ၀မ်းနည်းမိတယ်။ မိဘနဲ့ သားသမီးကြားမှာရှိနေတဲ့သံယောဇဉ်ကိုငါဘယ်တော့မှသိနိုင်မှာမဟုတ်ပါဘူးလေလို့ တွေးမိပြီးတော့ပေါ့။
ကလေးတွေကြီးလာလို့တစ်ခြားမြို့ကိုပြောင်းသွားတဲ့အခါမှာတော့ကျွန်မယောက်ျားခင်မျာရင်ကွဲပက်လက်ဖြစ်ပြီး ကျန်ခဲ့ရှာတယ်။ ကလေးတွေနဲ့ ပုံမှန်အဆက်အသွယ်ရဖို့ အင်တာနက် အီးမေးလ်စနစ်ကို ကျွန်မတို့စပြီး သုံးလိုက်ကြပါတယ်။ နေ့စဉ်အတွေ့အကြုံလေးတွေကို အီးမေးလ်ကနေတစ်ဆင့် အပြန်အလှန်ပေးပို့ကြ တယ်။ အွန်လိုင်းပေါ်မှာ အားလုံးဆုံကြတဲ့အခါ စာရေးပြီး စကားတွေ အပြန်အလှန်ပြောဖြစ်ကြတယ်..
လက်တွေ့မှာတော့ ဒီလိုခေတ်မီ ဆက်သွယ်ရေးစနစ်တွေဟာ အပြင်မှာ လူချင်းတွေ့ပြီးပြောတာလောက် အားရနွေးထွေးမှုမရှိလှပါဘူး။ ကွန်ပျူတာထဲမှာ “ဖေဖေ” လို့ အစချီပြီး ပို့လာတဲ့စာက ကျွန်မကို အမေ့ခံတစ်ယောက်လို၊ အပယ်ခံတစ်ယောက်လို ခံစားရစေပါတယ်။
ကျွန်မခင်ပွန်းနဲ့အတူ ကျွန်မရဲ့နာမည်ပါ
ပူးတွဲပါလာတဲ့အခါမျိုးမှာဆိုရင် ကျွန်မအတွက် အပျော်ဆုံးနေ့ဖြစ်ရ ပါတော့တယ်။ကျွန်မကိုယ်တိုင်ဟာလည်းမိသားစုဝင်တစ်ဦးလိုခံစားလာရပါတယ်။ဒါပေမယ့်ကျွန်မတို့ကြားထဲမှာတော့ စည်းကြီးတစ်ခုခြားနေဆဲပါပဲ။
တစ်ညမှာ ယောက်ျားဖြစ်သူ တယ်လီဗေးရှင်းကြည့်ရင်း အိပ်ပျော်သွားတာမို့ သူ့အစား ကျွန်မကပဲ အီးမေးလ်ကိုလက်ခံလိုက်ပါတယ်။အွန်လိုင်းပေါ်တက်လိုက်ရင်ပဲအီးမေးလ်တစ်စောင် ရောက်နေတာကို တွေ့လိုက်ရပါတယ်။ သမီးကြီးမာဂိုဆီကပါ၊ သူလည်း ညဥ့်နက်မှ အင်တာနက်သုံးနေဟန်ရှိပါတယ်။
အရင်ကလိုပဲစကားပြောတဲ့Chat Box လေးထဲမှာအပြန်အလှန်စာရေးပြီး ပြောကြတယ်။ နောက်ဆုံးရ သတင်းေ လးတွေကို
အပြန်အလှန်ပြောပြကြတယ်။ တစ်ခုရှိတာက အဲဒီလိုမျိုး အပြန်အလှန်စာရေးပြီး
စကားပြောတဲ့အခါမှာ တစ်ဘက်နဲ့တစ်ဘက် မမြင်ရတာလဲပါတယ်။
သမီးကြီးကိုယ်တိုင်ကလည်း ဒီဘက်မှာ သုံးနေတာကို ဘယ်သူ ဘယ်ဝါလဲဆိုပြီး
မမေးခဲ့တဲ့အတွက်.. သူ့အဖေလား၊ ကျွန်မလားဆိုတာ သေသေချာချာသိဟန်မတူပါဘူး။
(သူ့အဖေလို့ပဲ ထင်နေပုံရပါတယ်..)
အဲဒီညက သမီးကြီးကိုယ်တိုင်က မမေးခဲ့သလို၊ ကျွန်မကိုယ်တိုင်ကလည်း သူ့အဖေမဟုတ်ဘူးဆိုတာကို ထုတ်မပြောခဲ့ပါဘူး။
အဲဒီညက သမီးကြီးကိုယ်တိုင်က မမေးခဲ့သလို၊ ကျွန်မကိုယ်တိုင်ကလည်း သူ့အဖေမဟုတ်ဘူးဆိုတာကို ထုတ်မပြောခဲ့ပါဘူး။
ဘောလီဘော နောက်ဆုံးရသတင်းတွေ၊သမီးကြီးကသူတို့ကျောင်းမှာလုပ်မယ့်ကပွဲအကျောင်းတွေပြောကြပြီးတဲ့နောက်မှာ
ညဥ့်နက်နေပြီမို့ အိပ်ရာဝင်သင့်ပြီဆိုတဲ့အကြောင်း ပြောလိုက်ပါတယ်။
သမီးကြီးက “ဟုတ်ကဲ့ပါ၊ နောက်မှပဲ ဆက်ပြောကြမယ်နော်၊ ချစ်တယ်” တဲ့..။
ဒီစာကိုဖတ်ပြီး ကျွန်မ လှိုက်ခနဲဝမ်းနည်းသွားတယ်၊ ကျွန်မသိလိုက်ပါပြီ၊ သမီးကြီးဟာ တစ်ချိန်လုံး သူ့အဖေနဲ့စကားပြောနေတာလို့ ထင်နေခဲ့တာကိုး။ ဘာလို့လဲဆိုတော့ ကျွန်မနဲ့ သမီးကြီးကြားမှာ အဲဒီလိုမျိုး တီတီတာတာစကားတွေ ဘယ်တုန်းကမှ မပြောခဲ့ဖူးလို့ပါပဲ။
ဒီစာကိုဖတ်ပြီး ကျွန်မ လှိုက်ခနဲဝမ်းနည်းသွားတယ်၊ ကျွန်မသိလိုက်ပါပြီ၊ သမီးကြီးဟာ တစ်ချိန်လုံး သူ့အဖေနဲ့စကားပြောနေတာလို့ ထင်နေခဲ့တာကိုး။ ဘာလို့လဲဆိုတော့ ကျွန်မနဲ့ သမီးကြီးကြားမှာ အဲဒီလိုမျိုး တီတီတာတာစကားတွေ ဘယ်တုန်းကမှ မပြောခဲ့ဖူးလို့ပါပဲ။
သူ့ကို ကျွန်မ ဘယ်သူဘယ်ဝါဆိုတာ
ရှင်းရှင်းလင်းလင်းမပြောမိခဲ့တဲ့အတွက်လည်း အပြစ်ကျူးလွန်မိသလို
ခံစားရပါတယ်။
ဒါပေမယ့် အခုမှ ဖွင့်ပြောလိုက်လို့
သမီးကြီးရှက်ရွှံ့သွားတာမျိုးကိုလည်း ကျွန်မ မလိုလားပါဘူး။ ကျွန်မလည်း
သူ့ကိုရိုးရိုးလေးပဲ စာပြန်လိုက်ပါတယ်။
“သမီးကိုလည်း ချစ်ပါတယ်။
ကောင်းကောင်းအိပ်ပျော်ပါစေကွယ်”လို့။
ကျွန်မထပ်ပြီး အတွေးနယ်ချဲ့မိပါတယ်။ ကျွန်မဟာသူတို့ရဲ့မိသားစုထဲကိုမဖိတ်ခေါ်ဘဲကိုယ့်သဘောနဲ့ကိုယ် ၀င်ရောက်လာတဲ့ လူစိမ်းတစ်ယောက်ပါလား။
ကျွန်မထပ်ပြီး အတွေးနယ်ချဲ့မိပါတယ်။ ကျွန်မဟာသူတို့ရဲ့မိသားစုထဲကိုမဖိတ်ခေါ်ဘဲကိုယ့်သဘောနဲ့ကိုယ် ၀င်ရောက်လာတဲ့ လူစိမ်းတစ်ယောက်ပါလား။
ကျွန်မစိတ်ထဲမှာ
ဘာမှမရှိတော့သလို ဟာတာတာကြီးခံစားလိုက်ရတယ်။ တစ်မျိုးကြီးပါပဲ။
နောက်တော့
ကွန်ပျူတာကို ပိတ်တော့မယ်ဆိုပြီး လက်တွေက ကီးဘုတ်ပေါ် အရောက်
သမီးကြီးရဲ့ စာတစ်စောင်ပေါ်လာတယ်။
ကြည့်ပါဦး “ဖေဖေ့ကိုလည်း
သမီးအစားပြောပေးပါဦးနော်၊ ဂွတ်နိုက်ပါပဲ” တဲ့..။ မျက်ရည်တွေဝဲတက်လာလို့ေ၀၀ါးနေတဲ့မျက်လုံးတွေနဲ့အတူကွန်ပျူတာကိုကျွန်မပိတ်လိုက်ပါတော့တယ်..။ ။
<စည်သူ>
By Judy E.Carter
ကိုးကား။ ။ Chicken soup for the soul
<စည်သူ>
By Judy E.Carter
ကိုးကား။ ။ Chicken soup for the soul