Pages
Friday, January 3, 2014
စစ်ဘက်သုံး ဘိုးရင်းလေယာဉ်ကြီး C-17 Globemaster III
-ဘိုးရင်း C-17 Globemaster III ဟာ ကြီးမားတဲ့ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်ပါတယ်။
၁၉၈၀ နဲ့ ၉၀ ခုနှစ်တွေတုန်းက မက်ဒေါ်နယ်ဒေါက်ကလပ် လေယာဉ်ထုတ် လုပ်ငန်းကြီးကနေ အမေရိကန် လေတပ် (USAF) အတွက် ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်..။
C-17 Globemaster III ကြီးကို အရင်က ပစ္စတင်အင်ဂျင်သုံး ကုန်တင်လေယာဉ်ကြီးတွေဖြစ်တဲ့ C-74 Globemaster နဲ့ C-124 Gblobmaster II တို့ကို အစွဲပြုပြီး နာမည်ပေးထားတယ်လို့သိရပါတယ်..။
များသောအားဖြင့် C-17 ကို မဟာဗျူဟာမြောက် လေကြောင်းမစ်ရှင်တွေလွှတ်ချင်တဲ့အခါမျိုး၊ ကမ္ဘာတစ်ဝန်းကို တပ်ဖွဲ့ဝင်စေလွှတ်တဲ့အခါမျိုး၊ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးတဲ့အခါမျိုး၊ ဒဏ်ရာရသူတွေကိုကူညီကယ်ဆယ်ပေးတာနဲ့ လေကြောင်းကတစ်ဆင့် ထောက်ပံ့ကူညီရေး ပစ္စည်းတွေ ကြဲချပေးတဲ့အခါမျိုးတွေမှာ သုံးလေ့ရှိပါတယ်..။
လက်ရှိအချိန်မှာ C-17 ကို အမေရိကန်လေတပ်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ ကာတာ၊ ယူအေအီး၊ နေတိုးနိုင်ငံတကာလေတပ်(HAW) နဲ့ အိန္ဒိယ နိုင်ငံတို့မှာ အသုံးပြုနေကြပါတယ်..။
C-17 ဟာ အရှည် ၁၇၄ ပေ(၅၃ မီတာ)၊ တောင်ပံအလျား ပေ ၁၇၀ (၅၂ မီတာ) လောက်ရှိပါတယ်။ လေယာဉ်ကြီးကို ကိုင်တွယ်မောင်းနှင်ဖို့ လေယာဉ်မှူးတစ်ဦး၊ တွဲဖက်လေယာဉ်မှူးတစ်ဦးနဲ့ Loadmaster တစ်ဦးတို့ လိုအပ်ပါတယ်။
တစ်နာရီကို ၈၃၃ ကီလိုမီတာ (မိုင် ၅၀၀ ကျော်) မောင်းနှင်နိုင်ပြီး လေထီး တပ်သား ၁၀၂ ဦးကို ကြဲချပေးနိုင်အောင် ဒီဇိုင်းဆွဲဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ လေယာဉ်ကြီးပေါ်မှာ ၆၉ တန်လောက်ရှိတဲ့ M1 Abrams လို တိုက်ပွဲဝင် တင့်ကားကြီးတွေအပြင် တခြား လက်နက်တပ်ဆင်ထားတဲ့ စစ်သုံးမော်တော်ယာဉ်တွေ၊ ကုန်ကား တွေနဲ့ နောက်တွဲယာဉ်တွေ တင်ထားနိုင်တယ်လို့လည်း သိရပါတယ်..။ နောက်ပြီး ဒီလို လေယာဉ်မျိုးကို ပိုင်ဆိုင်ရင် ကမ္ဘာ့စစ်အင်အား ကြီး နိုင်ငံထဲမှာ ပါဝင်တယ်လို့လည်း ဆိုပါတယ်..။
ပုံမှာတွေ့ရတာက C-17 Globemaster III နဲ့ သူ့ရဲ့ အတွင်းပိုင်းဖြစ်ပါတယ်..။ မူရင်းပုံက resolution အရမ်းကောင်းတယ်။ ဖေ့စ်ဘွတ်ပေါ်တင်လို့ရအောင် ပုံနှစ်ပုံကို ဆက်ပြီး ချုံ့လိုက်ရတယ်..။
Ref: Wikipedia
စည်သူ
(လောလောဆယ် ဖတ်ထားမိတာလေးကို ဘာသာကောက်ပြန်ပြီးတင်လိုက်တာပါ..။ လိုအပ်ချက်ရှိရင်လည်း ပြောကြပါဦးနော)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment