Pages
Friday, January 3, 2014
ဆီပူထဲလက်နှစ်ပြီး ငါးကြော်ပြတဲ့ အာဂအကြော်ဆရာ
ဒီဇင်ဘာ ၁၉၊ နယူးဒေလီ
- အိန္ဒိယနိုင်ငံ Old Delhi လို့ခေါ်တဲ့အရပ်မှာနေတဲ့ အသက် ၆၅ နှစ်အရွယ် အကြော်ဆရာ ပရမ်ဆင်းဟာ အပူချိန် ၂၀၀ စင်တီဂရိတ်လောက်ရှိတဲ့ ဆီပူထဲမှာ လက်နှစ်ပြီး ငါးကြော်ကိုဆယ်ယူနိုင်စွမ်းရှိတဲ့သူဖြစ်ပါတယ်။
သူဟာ ဒီအလုပ်ကို လုပ်နေတာ ၂၅ နှစ်ရှိပြီလို့ ဆိုထားပါတယ်။ လာဝယ်ကြတဲ့ လူအများစုကလည်း အဲဒီလိုမျိုး ပွက်ပွက်ဆူနေတဲ့ ဆီအိုးထဲ လက်နှစ်ပြီး မစ္စတာပရမ်ဆင်း ငါးကြော်ပြတာကို ကြည့်ကြတာကြောင့် လို့သိရပါတယ်။
ဆီပူထဲကို လက်နှစ်ပြီး ငါးကြော်ပြနေပေမယ့် မစ္စတာပရမ်ဆင်းဟာ ဆီပူလောင်တဲ့ဒဏ်ရာမရဘူးလို့ဆိုပါတယ်။
နောက်ပြီး ဒီလိုမျိုး ငါးကြော်တဲ့နည်းပညာကို သူ့သားတွေက ဆက်ခံသွားလိမ့်မယ်လို့လည်း မျှော်လင့်ထားတယ်လို့ မစ္စတာ ပရမ်ဆင်းက ဆိုပါတယ်။
စည်သူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment