snowflake

Blogger Widgets Blogspot Tutorial
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Friday, January 3, 2014

ပင်လယ်သေသို့ ရေပေးသွင်းမည့်စီမံကိန်း အစ္စရေး၊ ဂျော်ဒန်နှင့်ပါလက်စတိုင်းတို့ သဘောတူညီချက်ရရှိ



ဒီဇင်ဘာ ၁၀၊ ဂျရုရှလင်

Dead Sea လို့ခေါ်တဲ့ ပင်လယ်သေမှာ တစ်စတစ်စ ရေခမ်းခြောက် လာနေပြီ ဖြစ်ပါတယ်..။
အဲဒီလို ရေခမ်းလာတဲ့ ပင်လယ်သေထဲကို ပင်လယ်နီ (Red Sea) ထဲက ရေတွေ ပိုက်နဲ့သွယ်တန်းပြီး ရေပေးသွင်းဖို့ အစ္စရေး၊ ဂျော်ဒန်နဲ့ ပါလက်စတိုင်း အစိုးရတွေ တနင်္လာနေ့က သဘောတူ လက်မှတ်ထိုးလိုက်ကြ ပါပြီ။
ပင်လယ်နီထဲက စုပ်ယူလိုက်တဲ့ပင်လယ်ရေငန်တွေကို ရေချိုအဖြစ်ပြောင်းပြီး (desalination လုပ်ပြီး) မှ ပင်လယ်သေထဲကို ပိုက်နဲ့သွယ်ပြီး သွင်းမှာပါ။

ပင်လယ်သေဟာ ဆားငန်နှုန်းပမာဏများတာကြောင့်မို့ လူတွေ ရေပေါ်မှာ ပေါ်လောပေါ်ပြီး နေနိုင်ကြပါတယ်..။ တစ်ချို့ဆို ရေပေါ်မှာ ပက်လက်အိပ်ပြီး စာအုပ်ဖတ်၊ ဓာတ်ပုံရိုက်ခံကြတာမျိုးတောင်ရှိပါတယ်..။

ပင်လယ်သေမှာ ရေလျော့ပါးလာရတဲ့ အဓိကအကြောင်းကတော့ ဒီပင်လယ်သေကြီးကို အမှီပြုနေတဲ့ ပတ်ဝန်းကျင်ဒေသကလူတွေဟာ စိုက်ပျိုးရေးတွေ လုပ်လာကြတာကြောင့်မို့လို့သိရပါတယ်..။ ပင်လယ်သေဟာ ဒီလိုမျိုး ရေလျော့နည်းလာတာ ဆယ်စုနှစ်နဲ့ချီပြီး ကြာနေပါပြီ၊ တစ်နှစ်ကို ၁ မီတာနှုန်းနဲ့ လျော့လာတာဖြစ်ပါတယ်..။

နောက်.. ပင်လယ်သေဟာ ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၄၀၀ လောက် မြေနိမ့်ပိုင်းမှာရှိတာကြောင့် သဘာဝအနေအထားအရကိုက ပင်လယ်နီကရေတွေကို အလွယ်တကူ ထည့်သွင်းနိုင်မယ်လို့ ပညာရှင်တွေ တွက်ချက်ထားကြပါတယ်..။

စည်သူ

ဖတ်ရှုပေးသူများကို ကျေးဇူးအထူး တင်ရှိပါတယ်..။


No comments:

Post a Comment