snowflake

Blogger Widgets Blogspot Tutorial
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Friday, January 3, 2014

၂၁ ရာစု၏အကြီးကျယ်ဆုံး ရှာဖွေတွေ့ရှိမှုကြီးဖြစ်သည့် ရေအောက်မြို့ဟောင်း



- ထရွိုင်မြို့တော်ကကြီးက ထရိုဂျန်မင်းသားပါရီနဲ့ဇနီး ဟယ်လင်မင်းသမီး သွားရောက်လည်ပတ်ခဲ့တဲ့ တစ်ချိန်က ဟီရာကလဲယွန်မြို့ကို ရေအောက်မှာ ပြန်တွေ့ခဲ့တယ်လို့သိရပါတယ်။

ပြင်သစ်အဏ္ဏ၀ါရှေးဟောင်းသုတေသနပညာရှင်ဖရန့်ဂေါ်ဒီယိုဟာ ၁၇၉၈ ခုနှစ် နိုင်းမြစ်တိုက်ပွဲတုန်းက နယ်လ်ဆင်ကိုရှုံးနိမ့်ခဲ့တဲ့ နပိုလီယံရဲ့သင်္ဘောတွေကို လိုက်လံရှာဖွေရာကနေ အမှတ်မထင် ဒီရေအောက်မြို့ဟောင်းကြီးကို ပြန်ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။

ဒီမြို့ဟောင်းကြီးဟာ အေဒီ ၆ ရာစု ဒါမှမဟုတ် ၇ ရာစုလောက်တုန်းက ရေအောက်ရောက်ခဲ့တာဖြစ်ကြောင်း သက်သေအထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။

ဟီရာကလဲယွန်ကို ရှာတွေ့တာဟာ မျက်မှောက်လူသားတွေအတွက် ရှေးခေတ်ကမ္ဘာနဲ့ပတ်သက်လို့ ပိုပြီး တိကျတဲ့အချက်အလက်တွေ၊ အထောက်အထားတွေ၊ ဗဟုသုတတွေရရှိစေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီမြို့ဟောင်းကြီးမှာတွေ့ရတဲ့ ကျောက်စာတိုင်တွေမှာ ထွင်းထုထားတဲ့ အရုပ်စာတွေကို မပျက်မစီးအကောင်းပကတိတွေ့ရှိခဲ့လို့ပဲဖြစ်ပါတယ်။

(ပုံမှာမြင်ရတာကတော့ ရေအောက်မှာတွေ့မြင်ရတဲ့ မြို့ဟောင်းရဲ့ ဓာတ်ပုံအချို့ပဲဖြစ်ပါတယ်။)

စည်သူ



No comments:

Post a Comment