Pages
Friday, January 3, 2014
AK-47 တီထွင်သူ ခါလက်ရှ်နီကော့ဗ် အသက် ၉၄ နှစ်တွင်ကွယ်လွန်
► အင်္ဂလိပ်တစ်ကြောင်း မြန်မာတစ်ကြောင်း ဘာသာပြန်ပေးထားပါတယ်ဗျာ..၊ သတင်းလည်းဖတ်ရင်း ပညာလည်း ရမယ်လို့ မျှော်လင့်ပါတယ်။
__________________________________
AK-47 Inventor Kalashnikov Dies Aged 94
__________________________________
Mikhail Kalashnikov, the designer of the world's most widely used firearm, has died at the age of 94.
- ကမ္ဘာတစ်ဝန်းမှာ လူအသုံးအများဆုံး သေနတ်ကို ဒီဇိုင်းဆွဲထုတ်လုပ်ခဲ့တဲ့ မစ်ခ်ဟေးလ်ခါလက်ရှ်နီကော့ဗ်ဟာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန် သွားခဲ့ပြီဖြစ်ပါတယ်။
The AK-47 - "Avtomat Kalashnikov" - was created in 1947 when he was in his 20s two years after the end of World War Two and has sold an estimated 100 million worldwide.
- "Avtomat Kalashnikov" လို့အမည်ရတဲ့ AK-47 ကို ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် သူ့ရဲ့အသက် ၂၀ ကျော်၊ ၁၉၄၇ ခုနှစ်မှာ ဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာခန့်မှန်းချေ (AK-47 ရိုင်ဖယ်ကို) သန်း ၁၀၀ လောက် ရောင်းချထားပြီးဖြစ်တယ်လို့ သိရပါတယ်။
General Kalashnikov died in a hospital in Izhevsk, the capital of the Udmurtia republic where he lived, according to a spokesman for the republic's president.
-ဗိုလ်ချုပ်ကြီး ခါလက်ရှ်နီကော့ဗ်ဟာ သူနေထိုင်ခဲ့တဲ့ Udmurtia ရဲ့ မြို့တော် Izhevsk မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ Udmurtia သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုပါတယ်။
**(Udmurtia ဆိုတာ ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်)
The weapon has become favoured by guerrillas and terrorists, as well as with soldiers of many armies.
- ဒီလက်နက်ကို ပျောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်သမားတွေသာမက စစ်တပ်ပေါင်းများစွာက စစ်သည်တွေလည်း ကြိုက်နှစ်သက်ကြပါတယ်။
But he often said he felt personally untroubled by his contribution to the bloodshed.
- ဒါပေမယ့် သွေးချောင်းစီးဖြစ်ရပ်တွေမှာ ပါဝင်နေတဲ့ သူ့ရဲ့လက်နက်ကြောင့် သူ့အနေနဲ့ တစ်စုံတရာပတ်သက်ခံစားရတာမျိုးမရှိဘူးမရှိပါဘူးလို့ ခါလက်ရှ် နီကော့ဗ်က မကြာခဏပြောလေ့ရှိပါတယ်။
In 2007, he said: "I sleep well. It's the politicians who are to blame for failing to come to an agreement and resorting to violence."
- ၂၀၀၇ ခုနှစ်မှာတုန်းက "ကျနော်ကတော့ ကောင်းကောင်းအိပ်ပါတယ်။ အကြမ်းဖက်မှုတွေကို ပြေငြိမ်းအောင်မလုပ်နိုင်တာ၊ သဘောတူညီချက် ရအောင်မလုပ်နိုင်တာတွေအတွက် နိုင်ငံရေးသမားတွေကို အပြစ်တင်ရမှာပါ" လို့ သူက ဆိုပါတယ်။
Russian President Vladimir Putin praised him, saying the Kalashnikov rifle "is a symbol of the creative genius of our people".
- ခါလက်ရှ်နီကော့ဗ်ရိုင်ဖယ်ဟာ မိမိတို့လူမျိုးတွေရဲ့ တီထွင်ဖန်တီးနိုင်တဲ့စွမ်းရည်ကို ပြသနိုင်တဲ့ သင်္ကေတတစ်ရပ်ဖြစ်တယ်ဆိုပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့ကို ချီးမွမ်းထောပနာပြုခဲ့ပါတယ်။
Over his career, he was decorated with honours including Hero of Socialist Labour, Order of Lenin and the Stalin Prize.
- သူ့ရဲ့တီထွင်မှုနဲ့ပတ်သက်လို့ သူဟာ ဆိုရှယ်လစ်လုပ်သားသူရဲကောင်း၊
Order of Lenin နဲ့ Stalin Prize ဆိုတဲ့ ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်ခံခဲ့ရပါ တယ်။
The weapon's suitability for jungle and desert fighting made it ideal for insurgents backed by the Soviet Union, and Moscow not only distributed the AK-47 widely, but also licensed its production in some 30 other countries.
တောတွင်းဒေသနဲ့ သဲကန္တာရတိုက်ပွဲတွေအတွက် သင့်တော်တဲ့ဒီလက်နက်ဟာ ဆိုဗီယက်ကျောထောက်နောက်ခံ သောင်းကျန်းသူတွေအတွက် စံပြလက်နက်ဖြစ်ခဲ့ပါတယ်။ မော်စကိုအစိုးရ (ရုရှား) ဟာ AK-47 ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချခဲ့ရုံတင်မဟုတ်ပါဘူး၊ အခြား နိုင်ငံပေါင်း ၃၀ ကိုလည်း အဲဒီသေနတ် ထုတ်လုပ်ခွင့်လိုင်စင် ထုတ်ပေးခဲ့ပါတယ်။
At a ceremony marking the assault rifle's 60th anniversary, Gen Kalashnikov said: "During the Vietnam War, American soldiers would throw away their M-16s to grab AK-47s and bullets for it from dead Vietnamese soldiers."
- "ဗီယက်နမ်စစ်ပွဲတုန်းက အမေရိကန်စစ်သားတွေဟာ သူတို့ရဲ့ M-16 တွေကို လွှတ်ပစ်ပြီး AK-47 တွေကို ကိုင်စွဲခဲ့ကြပါတယ်၊ ကျည်ဆန်ကိုတော့ သေဆုံးပြီဖြစ်တဲ့ ဗီယက်နမ်စစ်သားတွေဆီက ရယူခဲ့ပါတယ်" ဆိုပြီး ချေမှုန်းရေးရိုင်ဖယ် နှစ် (၆၀) ပြည့်အခမ်းအနားမှာ ခါလက်ရှ်နီကော့ဗ်က ဆိုထားပါတယ်။
စည်သူ
Sky news က သတင်းကို ဆီလျော်အောင်ပြန်ဆိုပေးထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment