ဓာတ်ပုံနာမည်က Warsaw Ghetto Uprising, 1943 ပါ။
၁၉၄၃ ၀ါဆောဆင်းရဲသားရပ်ကွက်အုံကြွမှုပေါ့..
ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီဂျာမနီကို တွန်းလှန်ခဲ့တဲ့ တစ်ခုတည်းသော
အုံကြွမှုကြီးအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ ဒီဆင်းရဲသားရပ်ကွက်မှာရှိတဲ့
ဂျူးတွေကို Treblinka ညှင်းပန်း
ရေးစခန်းကို ပို့ဖို့ နာဇီတွေနောက်ဆုံး ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒါကို
အဲဒီရပ်ကွက်မှာရှိတဲ့ ဂျူးတွေက တွန်းလှန် ကြတာပါ။
အကြီးအကျယ်စပြီး
သူပုန်ထတာ ဧပြီ ၁၉၊ ၁၉၄၃ ပါ၊ ဒါပေမယ့် လက်နက် မယ်မယ်ရရမရှိတဲ့ ဆင်းရဲသား
သူပုန်တွေကို နာဇီတွေက ချေမှုန်းနိုင်ခဲ့ပါတယ်။ မေလ ၁၆ ရက်မှာတော့ အဲဒီ
ဆင်းရဲသား ရပ်ကွက်လေးဟာ အပြီးတိုင်ပျောက်ကွယ်သွားခဲ့ရပါတယ်။
ဒီဓာတ်ပုံဟာ လူသိများထင်ရှားတဲ့ ဒုတိယကမ္ဘာစစ် ဓာတ်ပုံတစ်ပုံတစ်ပုံပါပဲ
စည်သူ
No comments:
Post a Comment