Pages
Friday, January 3, 2014
ကမ္ဘာ့ဝမ်းနည်းကြေကွဲဖွယ်အကောင်းဆုံး ပူလစ်ဇာဆုရဓာတ်ပုံ (1994 Pulitzer winning photo )
- ပုံမှာမြင်ရတာကတော့ ဆူဒန်နိုင်ငံက မိန်းကလေးငယ်တစ်ဦးဖြစ်ပါတယ်။
အစာငတ်မွတ်တဲ့ဒဏ်ကို အပြင်းအထန်ခံစားနေရရှာတာလည်းဖြစ်ပါတယ်။
တစ်ကီလိုမီတာ (ပေ ၃၂၈၀) အကွာမှာရှိတဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာပေးဝေရေးစခန်းကို တွားသွားနေတာပါ။ အဲဒီကလေးငယ် သေဆုံးသွားခဲ့ရင် ပွဲတော်တည်ဖို့ ဘေးမှာ လင်းတ တစ်ကောင်ကလည်း အသင့်စောင့်နေပါတယ်။
ဒီဓာတ်ပုံက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သလို အတွေးလည်း ပွားစေခဲ့ပါတယ်။စားနပ်ရိက္ခာစခန်းကို အဲဒီကလေးငယ် ရောက်အောင် သွားနိုင်ခဲ့လား၊ မသွားနိုင်ခဲ့ဘူးလားဆိုတာ ဓာတ်ပုံဆရာအပါအ၀င် ဘယ်သူမှ မသိခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုရင် ဓာတ်ပုံဆရာ ကီဗင်ကာတာဟာ ဓာတ်ပုံရိုက်ပြီးတာနဲ့ အဲဒီနေရာက ချက်ချင်းထွက်သွားခဲ့လို့ပါပဲ။
ဒါကြောင့်မို့ ကလေးငယ်ကို အကူအညီမပေးခဲ့တဲ့ ဓာတ်ပုံဆရာကို လူတွေက ၀ိုင်းပြီး ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ ဒီဓာတ်ပုံပေါ်ထွက်လာပြီး သုံးလလောက် ကြာတဲ့အချိန်မှာ ဓာတ်ပုံဆရာခမျာ စိတ်ဖိစီးမှုဒဏ်တွေကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီဓာတ်ပုံဟာ ၁၉၉၄ ခုနှစ်အတွက် ဓာတ်ပုံ ပူလစ်ဇာဆု ရရှိခဲ့တာဖြစ်ပါတယ်။
စည်သူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment