snowflake

Blogger Widgets Blogspot Tutorial
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, September 14, 2013

ဘာသာပြန်အလွဲများ

-ဂျာနယ်တော်တော်များများ၊ ရုပ်သံလိုင်းတော်တော်များများ၊ ဇာတ်ကား တော်တော်များများမှာ ဘာသာပြန်တဲ့အခါ တော်တော်လေး ထောက်နေတာကို တွေ့ရတယ်..။
မြန်မာစာကို မြန်မာလိုနားမလည်အောင် ရေးထားတယ်လို့ပြောရမှာပါပဲ..။

-ဘာသာပြန်သူတစ်ယောက်အနေနဲ့ ကိုယ်ရေးတဲ့အရေးအသားထောက် နေလား ချောနေလားဆိုတာ တစ်ခေါက်လောက်ပြန်ဖတ်ကြည့်တာနဲ့သိနိုင်ပါတယ်..။ ဘာသာပြန် မချောရခြင်းရဲ့အကြောင်းအရင်းဟာ စာပေက အရမ်းမြင့်နေလို့မဟုတ်ပါဘူး..။ ဘာသာပြန်သူကိုယ်တိုင်ကိုက မူရင်းစာရဲ့ အဓိပ္ပာယ်ကို သေသေချာချာ နားမလည်တာပါ..။

-"dog fight" ဆိုတဲ့ စကားလုံးမျိုးဟာ "လေကြောင်း စီးချင်းထိုးပွဲ" စီးချင်း တိုက်ပွဲကိုဆိုလိုပေမယ့် "ခွေးချင်းကိုက်ပွဲ" ဆိုပြီး ပြန်ထည့်လိုက်ပါတယ်..။
တိုက်ရိုက်ဘာသာပြန်ခြင်းရဲ့ အလွဲတစ်ခုပါပဲ..။

-တစ်ချို့ စကားလုံးတွေဟာ မြန်မာပြန်လို့မရဘဲ.. သူ့ရဲ့ အင်္ဂလိပ်အသံထွက် အတိုင်းကို မဖြစ်မနေ ယူသုံးလိုက်ရတာမျိုးရှိပါတယ်..။ ဥပမာ၊ အမေရိကန် လေယာဉ်တင်သင်္ဘောရဲ့နာမည်..၊ စစ်ဆင်ရေးတစ်ခုခုရဲ့ နာမည် စတာတွေဟာ ဘာသာပြန်လို့ အဆင်မပြေနိုင်ပါဘူး( ဘာသာပြန်လို့ မရဘူးလို့မဆိုလိုပါဘူး) ၊ သူ့အသံအတိုင်းဘာသာပြန်လိုက်၊ ပြီးတော့မှ ဘေးမှာ ကွင်းစကွင်းပိတ်နဲ့ အဓိပ္ပာယ်လေးကို ရေးပေးလိုက်ရင် လုံလောက်ပါပြီ..။

No comments:

Post a Comment