snowflake

Blogger Widgets Blogspot Tutorial
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, February 1, 2014

တရုတ်နဲ့တောင်ကိုရီးယားနှစ်နိုင်ငံရဲ့သူရဲကောင်း



ကိုရီးယားနိုင်ငံဆိုင်ရာ ဂျပန်ဗိုလ်ချုပ်ကြီးကိုလုပ်ကြံခဲ့သည့် ကိုရီးယားအာဇာနည်အား ဂုဏ်ပြုသည့်ခန်းမ တရုတ်တွင် ဖွင့်လှစ်

၁၉၀၉ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံဆိုင်ရာ ဂျပန်ဗိုလ်ချုပ်ကြီး ဟီရိုဘူမီအီတို ကို လုပ်ကြံခဲ့တဲ့ ကိုရီးယားအမျိုးသား Ahn Jung-geun ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် ခန်းမတစ်ခုကို တရုတ်နိုင်ငံဟာဘင်းမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

Ahn Jung-geun ဟာ ဟာဘင်းမြို့ရဲ့ ရထားဘူတာရုံတစ်ခုမှာ အီတိုကို FN M1900 ပစ္စတိုနဲ့ သုံးချက်တိတိ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဘေးက အရာရှိသုံးဦးကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ အဲလိုပစ်ပြီးတဲ့နောက်မှာ Ahn ဟာ ရုရှားဘာသာနဲ့ ကိုရီးယားလွတ်လပ်ရေးဆိုပြီး အော်ဟစ်ရင်း ကိုရီးယားအလံကိုဝှေ့ယမ်းခဲ့ပါတယ်။

လုံခြုံရေးအရာရှိတွေက သူ့ကိုဖမ်းသွားကြပြီး ၂ ရက်ကြာတဲ့နောက်မှာ ဂျပန် အာဏာပိုင်တွေလက်ကို လွှဲအပ်လိုက်ကြပါတယ်။

သူဟာ ကိုရီးယားကာကွယ်ရေးတပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူဖြစ်ပြီး.. အီတိုကို သတ်ခဲ့တာဟာလည်း နားလည်မှုလွဲမှာလို့သတ်တာမဟုတ်ဘဲ.. သတ်သင့်တဲ့သူမို့လို့ သတ်တာဖြစ်လို့ သူ့ကို လုပ်ကြံသူလို့မသုံးနှုန်းပဲ.. စစ်သုံ့ပန်းလို့သာ သုံးနှုန်းသင့်တယ်ဆိုပြီး ရုံးတော်မှာတင်ပြခဲ့ပါတယ်။ သူဟာ အီတိုကို သတ်ရတဲ့ အကြောင်းအရင်း ၁၅ ချက်ကို တင်ပြခဲ့ပါတယ်။ ခြောက်ကြိမ် ရုံးတင်စစ်ဆေးခံရပြီးတဲ့နောက် Ahn Jung-geun ဟာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

သူကွယ်လွန်တဲ့အချိန်မှာ အသက် ၃၀ ရှိပါပြီ..။

ဟာဘင်းမှာ သူ့ကိုမြှုပ်နှံထားတဲ့အုတ်ဂူကို အခုအထိရှာမတွေ့ဘူးလို့သိရပါတယ်။

သူ့ကို တရုတ်နဲ့ ကိုရီးယားနှစ်နိုင်ငံလုံးက မျိုးချစ်အာဇာနည်တစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။

စည်သူ



သူ့အကြောင်းကိုဇာတ်လမ်းပြန်ရိုက်ထားတာ

No comments:

Post a Comment