Pages
Saturday, February 1, 2014
ဂါးဒီးယန်းဦးစိန်ဝင်း
သတင်းစာ၊ ဂျာနယ်လောကကို စစ၀င်ဝင်ချင်း ဘာသင်တန်းမှ မတက်ရသေးခင် စဖတ်ဖြစ်တာ ဆရာဂါဒီးယန်းဦးစိန်ဝင်းရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့စာအုပ်ပါ..။
ဆရာကြီးကို ဧရာဝတီတိုင်းကျောင်းကုန်းမှာ ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ မွေးတာပါ။ သတင်းစာလောကကို စ၀င်ဝင်ချင်း မြန်မာ့အလင်းမှာ ဘာသာပြန်အလုပ်ကို လုပ်ခဲ့သူပါ။ ကျနော်နဲ့ကွာတာက သူက ဘာသာပြန်ခ မယူဘဲ လုပ်ပေးခဲ့တာပါ။ အဲဒီနောက်မှာ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ကို ပညာတော်သင်သွားရောက်ခဲ့ပြီး စစ်ကြီးပြီးလို့ ပြန်လာတဲ့အချိန်မှာ အလုပ်သင်သတင်းထောက်အဖြစ်နဲ့ သတင်းစာလောကထဲကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။
သတင်းစာလောကမှာ ဇွဲနပဲနဲ့ကြိုးစားခဲ့တဲ့အတွက် အချိန်တိုအတွင်း နာမည်ရလာခဲ့ပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သတင်းထောက်၊ အဲဒီကမှ အယ်ဒီတာ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း နေးရှင်းသတင်းစာမှာလုပ်နေရင်းနဲ့ ဂါးဒီးယန်းသတင်းစာရဲ့ ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမောင်မောင် (နောင်အခါ နိုင်ငံတော်သမ္မတ) က ဂါးဒီးယန်းကို ကိုင်တွယ်ပေးဖို့ အကူအညီတောင်းလာပါတယ်။ စိတ်တိုင်းကျလုပ်ပိုင်ခွင့်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ဆရာကြီးဟာ ဂါးဒီးယန်းကို စပြီးကိုင်တွယ်ခဲ့ပါတယ်။
စောင်ရေ ၁၅၀၀ ပဲရှိပြီး ရုံးအဖွဲ့ဝင် သုံးဦးပဲကျန်တော့တဲ့ ဖျက်သိမ်းရတော့မယ့်အခြေအနေဆိုက်နေတဲ့ ဂါးဒီးယန်းကို ဆရာကြီးက ကိုင်တွယ်ခဲ့တာပါ။
ဆရာကြီးဟာ ၂၀၁၃ အောက်တိုဘာ ၁၇ ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
(နောက်ပိုင်းမှာ ဆရာကြီး ရရှိခဲ့တဲ့ဆုတွေ၊ ဂုဏ်ပုဒ်တွေကို ဆက်ပြီး တင်ပြပေးသွားပါဦးမယ်)
စည်သူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment