Pages
Saturday, February 1, 2014
• ဂီတကိုချစ်မြတ်နိုးသည့် သမ္မတချာဗက်ဇ်
ဘီလာရုစ်က ဂီတချစ်မြတ်နိုးသူတွေဟာ ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်ရဲ့ ဘ၀ကို ဂုဏ်ပြုထားတဲ့ ရှိုးပွဲတစ်ခုလုပ်ဖို့ စီစဉ်နေကြပါတယ်။
ဗင်နီဇွဲလားက အနုပညာရှင်တွေနဲ့ပူးပေါင်းပြီး စပိန်ဘာသာနဲ့ ဂီတဖျော်ဖြေပွဲလုပ်မယ့်အစီအစဉ်ကို ဘီလာရုစ် ဂီတကဇာတ်ရုံက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဟူဂိုချာဗက်ဇ်အမှတ်တရပွဲကို ဘီလာရုစ်နိုင်ငံမင့်စ်မြို့မှာ လာမယ့် နွေရာသီမှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီနောက်ပိုင်းကျတော့မှာ ဗင်နီဇွဲလား နိုင်ငံ ကာရကတ်စ်မြို့မှာ လုပ်သွားမှာဖြစ်ပါတယ်။
ဟူဂိုချာဗက်ဇ်ဟာ ၁၄ နှစ်ကြာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီးတဲ့နောက် လွန်ခဲ့တဲ့နှစ်က ကင်ဆာရောဂါနဲ့ အသက် ၅၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။
ချာဗက်ဇ်နှစ်သက်တဲ့ ဂီတအမျိုးအစားက ဗင်နီဇွဲလား ရိုးရာဂီတဖြစ်ပါတယ်။ ချာဗက်ဇ်ဟာ
လူထုအစည်းအဝေးပွဲတွေ၊ ဒါမှမဟုတ် စတိတ်စင်ပေါ်မှာတောင်တက်ပြီး သီဆိုဖျော်ဖြေခဲ့သူဖြစ်ပါတယ်။
၂၀၁၂ မတ်လမှာ ဒုတိယမြောက်ကင်ဆာအကျိတ်ကိုဖယ်ရှားပြီးတဲ့ နောက်တစ်နေ့မှာပဲ ချာဗက်ဇ်ဟာ ဂီတပညာရှင်တွေနဲ့အတူ သီချင်းသီဆိုခဲ့ပြီး သူ့ရဲ့ သမီးဖြစ်တဲ့သူနဲ့ အတူကခုန်ခဲ့ပါသေးတယ်။
စည်သူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment