အချုပ်ခန်းနဲ့ဖမ်းဆီးထိန်းသိမ်းရေးစခန်းတွေမှာ ပြစ်မှုနဲ့ဖမ်းဆီးခံထားရသူတွေကို ဖိလစ်ပိုင်ရဲတွေက အပျင်းပြေနှိပ်စက်လေ့ရှိတယ်လို့သိရပါတယ်။
နှိပ်စက်တယ်ဆိုတဲ့နေရာမှာ သူတို့နှိပ်စက်နည်းတွေကို Lucky Draw လှည့်သလို စက်ဝိုင်းမှာရေးထားတာဖြစ်ပါတယ်။ ဥပမာ- စက္ကန့် ၃၀ လင်းနို့ဆိုရင် အဲဒါကို ကျတဲ့အကျဉ်းသားအနေနဲ့ စက္ကန့် ၃၀ လောက် ဇောက်ထိုးဆွဲခံထားရမှာဖြစ်ပါတယ်။ နောက် စက္ကန့် ၂၀ မန်နီပက် (ဖိလစ်ပိုင်လက်ဝှေ့ကျော်၏နာမည်အတိုကောက်) ဆိုရင် စက္ကန့် ၂၀ လုံးလုံး လက်သီးနဲ့အထိုးခံနေရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပုံမှန်မဟုတ်ဘဲ လူ့အခွင့်အရေးချိုးဖောက်တဲ့ပုံစံနဲ့ အကျဉ်းသားတွေကို နှိပ်စက်ခဲ့တဲ့ ဖိလစ်ပိုင်ရဲအရာရှိ တွေအနေနဲ့ အမှုရင်ဆိုင်နေရတယ်လို့သိရပါတယ်။
ပုံမှာမြင်ရတာ wheel of torture လို့ခေါ်တဲ့ ညှင်းပန်းရေးစက်ဝိုင်းပဲဖြစ်ပါတယ်။ အဲဒီမှာပါတဲ့ ၃ မိနစ် ဇွမ်ဘီဆိုတာပါရှိပြီး အဲဒါကိုကျရင် ဘယ်လိုနှိပ်စက်တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။
စည်သူ
No comments:
Post a Comment