Pages
Saturday, February 1, 2014
ဓာတုလက်နက်..
•လက်ရှိ မြန်မာနိုင်ငံမှာ ဓာတုလက်နက်သတင်း ထွက်လာလို့ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၂ ခုမှာ ရှိနေတဲ့ ဓာတုလက်နက်စာရင်းကို ပြန်တင်ပေး လိုက်ပါတယ်။ ဓာတုလက်နက်တွေ့တယ်ဆိုတဲ့သတင်းဟာ ပေါ့သေးသေးမဟုတ်ပါဘူး
နိုင်ငံတစ်နိုင်ငံလုံး ဖွတ်ဖွတ်ညက်ညက်ကြေသွားနိုင်ပါတယ်.။
လက်တွေ့ကြည့်မယ်ဆို.. အီရတ်နိုင်ငံပါ၊ အာရပ်ကမ္ဘာမှာ စွာကျယ်စွာကျယ် ဖြစ်လာတဲ့အချိန် ရွှေ့ပြောင်းနိုင်တဲ့ ဓာတုလက်နက်စက်ရုံတွေရှိပါတယ်ဆိုပြီး သတင်းထွက်လာရော အမေရိကန်ဝင်တီးတာ အခုထိ အီရတ်ခမျာ နလံကိုမထူတော့ပါဘူး၊ ဆက်ဒန်ဟူစိန်လည်း ကြိုးပေးခံလိုက်ရပါတယ်။
အခုက ဆီးရီးယားပါ၊ ဆီးရီးယားအစိုးရခမျာ ဓာတုလက်နက်သုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ရေးအရကြားဝင်စွက်မယ်ဆိုပြီး အမေရိကန်ရဲ့ ခြိမ်းခြောက် တာခံရပါတယ်။ ဒီမှာတင် ဆီးရီးယားအစိုးရက သူ့ရဲ့ဓာတုလက်နက်တွေကို ဖျက်ဆီးဖို့သဘောတူလိုက်ရပါတယ်။
ပုံမှာကြည့်ရင် ဆီးရီးယားပိုင်ဆိုင်တဲ့ ဓာတုလက်နက်ပမာဏနဲ့ အင်အားကြီး ၂ နိုင်ငံ ပိုင်ဆိုင်တဲ့ ဓာတုလက်နက်ပမာဏကို နှိုင်းယှဉ်ကြည့်လို့ရပါတယ်။
ကျနော့်သဘောကတော့ ဓာတုလက်နက်သတင်းကို မရေးသင့်ပါကြောင်း ပြောချင်ပါတယ်။
ကျနော်ဟာ ကိုယ့်နိုင်ငံကိုတော့ စနိုးဒန်လို သစ္စာဖောက်မှာမဟုတ်ပါဘူး၊
ကျနော်တို့ဟာ နိုင်ငံနဲ့အစိုးရကို ခွဲခြားမြင်သင့်ပါတယ်၊ အစိုးရဟာ နိုင်ငံတော် မဟုတ်ပါကြောင်းဗျာ..။
ဘာသာပြန်သတင်းများ - စည်သူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment