(၁) ပြည်တွင်းစစ်ကိုအဆုံးမသတ် နှင့်
‘ငြိမ်းချမ်းရေး’ဆိုသည့်စကားလုံ
ကိုယ့်လက်ထဲကစစ်တပ်၏ အခန်းကဏ္ဍကို ထိန်းသိမ်းထားဖို့အတွက် စစ်မီးကိုချန်ထားပါ။ ‘ပြည်ထောင်စု စိတ်ဓာတ်’ကို အဆက်မပြတ်ပြောပါ။
(၂) ပြည်ပရန်သူကိုလက်ညှိုးထိုး
ပြည်ပရန်သူများရှိနေကြောင်း အမြဲကြွေးကြော်ပါ။ သို့သော် ရန်သူသည် ပြည်တွင်းမှာရှိသည်ကိုတော့ ကိုယ်ကိုယ် တိုင်မမေ့ပါနှင့်။ ပြည်ပရန်သူကို ကာကွယ်နေရသည့်ပုံရိပ်အဖြစ် ကိုယ့်ပုံရိပ်ကိုမြှင့်တင်ပါ။ မျိုးချစ် စိတ်ဓာတ်ဆောင်ပုဒ်တွေ များများရေး၊ များများကပ်ပါ။ အတိတ်က စစ်ပွဲများအကြောင်းကို အဆက်မပြတ်ဖော်ပြပါ။
(၃) လူအများစုဘာသာရေးကို အသုံးချ
အာဏာရှင်ဘဝမှာ လူအများစု၏ ထောက်ခံမှုကို အလွယ်ကူဆုံးရနိုင်သည့်နည်းက လူအများစု၏ ဘာသာရေးကိုထောက် ခံနှိုးဆွခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဘာသာသာသနာကို ကာကွယ်သူ သူရဲကောင်းအဖြစ် ပုံသွင်းပါ။ ဘုရားသွားကျောင်းတက်သည့်သတင်းမျ
(၄) အတိုက်အခံအဖွဲ့အစည်းကို ခွဲထုတ်
အဓိကအတိုက်အခံအဖွဲ့ အစည်းကို အခြားအဖွဲ့ငယ်များ နှင့်သွေးခွဲပါ။ ဖြစ်နိုင်လျှင် တိုင်းရင်းသားလူနည်းစုများနှင့်
(၅)အနောက်နိုင်ငံများကို စည်းရုံး
အနောက်နိုင်ငံများက အာဏာရှင်နိုင်ငံများကို ဆန့်ကျင်ကြသည့်တိုင် ‘သံခင်းတမန်ခင်း’ရှိပြီး အင်္ဂလိပ်လိုပြောတတ်သူများကို နှစ်ခြိုက်လေ့ရှိသည်ကို ဘယ်တော့မှမမေ့ပါနှင့်။ အနောက်နိုင်ငံက သံတမန်များလာလျှင် ရွှန်းရွှန်းဝေအောင်ပြောတတ်သူများ
ကိုယ့်တိုင်းပြည်ကို စီးပွားရေးအရမပိတ်ဆို့ဘဲ အပြုသဘောဆောင် ချဉ်းကပ်စည်းရုံးလျှင် ဒီမိုကရေစီနိုင်ငံဖြစ်လာနိုင်ြေ
(၆) ရွေးကောက်ပွဲကိုအသုံးချ
ရွေးကောက်ပွဲများက သင့်ကို ‘တရားဝင်အာဏာရှင်’ အဖြစ် ပြုလုပ်ပေးမည့်အခွင့်ကောင်း ဖြစ်သည်။ သေချာစွာ ကြိုတင် ပြင်ဆင်ပါ။ လက်ဆုပ်လက်ကိုင် ဖမ်းရခက်ခဲသည့်အဝေးရောက် မဲ၊ ကြိုတင်မဲ၊ ပယ်မဲနည်းလမ်းများသည် အာဏာရှင်များအကြား ခေတ်စားသည့် နည်းလမ်းများ ဖြစ်သည်။
ရှုံးနိုင်သည့်အခြေအနေမျိုးမှာ အဓိကရုဏ်းနှင့်ပဋိပက္ခများ ဖန်တီးပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်အောင် မီးစများမွှေးထားပါ။
အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရေးအလျှော့အတင်းမရှိသည့်
(၇) မီဒီယာကိုမြှောက်လိုက် ခြောက်လိုက်လုပ်
သတင်းမီဒီယာများကို တစ်ခါတစ်ရံ နွေးနွေးထွေးထွေးဆက်ဆံပြပါ။ သို့သော် လိုအပ်လာလျှင် မီဒီယာအချို့ကို ပုံစံအဖြစ် ဖမ်းဆီးထောင်ချပါ။ မီဒီယာတွေကြားမှာ အကြောက်တရား Chilling Factor ပျံ့နှံ့ပါစေ။ ကိုယ်ချုပ်ကိုင်ထားသည့် နိုင်ငံတော်မီဒီယာကို လက်မလွှတ်ပါနှင့်။ ဖြစ်နိုင်လျှင်တော့ ကိုယ့်ကို သစ္စာရှိသည့်အသိုင်းအဝိုင်းက မီဒီယာလောကကို ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံပါစေ။ သတင်းမီဒီယာနှင့်ပတ်သက်လျှင် ဥပဒေများလေ ကောင်းလေဖြစ်သည်။
(၈) ခရိုနီတွေမွေးမြူ
သင်၏အရေးအကြီးဆုံး ရဲဘော်ရဲဘက်သည် သင့်ဇနီးပြီးလျှင် သင့်ခရိုနီဖြစ်သည်ကိုမမေ့ပါနှင်
‘သင့်ကိုခရိုနီအဖြစ် တိုင်းပြည်ကအလိုရှိသည်’ ဆိုသည့် ကမ်းလှမ်းချက်ကို လက်တစ်ဆုပ်စာ အနက်ရောင်စီးပွားရေးသမားတချို့ထ
(၉) အရပ်ဘက်လူ့အဖွဲ့အစည်းကိုနှိပ်ကွ
အင်န်ဂျီအိုများကိုတည်ရှိခွင့်ေ
အချို့သောဒေသများကို ခရီးသွားလာခွင့် ကန့်သတ်ပါ။ လုံခြုံရေးအကြောင်းပြခြင်းက အကောင်းဆုံးဖြစ်သည်။
(၁၀) ဒီမိုကရေစီ၏အဓိပ္ပာယ်ကို ပြောင်း
ဒီမိုကရေစီဆိုသည့်စကားလုံးကို ကိုယ်ပိုင်အဓိပ္ပာယ်ပြန်ဖွင့်ပါ။
‘အာဏာရှင်လက်စွဲကျမ်း’ စာအုပ်အမြည်းကို ဒီမှာအဆုံးသတ်ပါသည်။ စာအုပ်ထဲမှာ ယခု ဖော်ပြထားသည့်အခန်းများအပြင် တရားစီရင်ရေးစနစ်ကို ထိန်းချုပ်နည်း၊ လက်လွန်ခြေလွန် ပြောဆိုသည့် ဝန်ကြီးများကို ကျိတ်ဆုံးမနည်း၊ တရုတ်နဂါးနှင့် ကခုန်နည်းများအပြင် အနားယူချိန်အတွက် ပြင်ဆင်နည်းများ အထိပါဝင်ပါသည်။ စာအုပ်မထွက်မီ ကြိုတင်အမှာစာများ လက်ခံနေသည်။ နေပြည်တော်မှမှာလျှင် အမြန်ချောပို့ဖြင့် ပေးပို့မည်ဖြစ်ပါကြောင်း။ ။
Author: ရဲမိုး
7Day Daily
No comments:
Post a Comment