Pages
Saturday, February 1, 2014
ဓာတုလက်နက်..
•လက်ရှိ မြန်မာနိုင်ငံမှာ ဓာတုလက်နက်သတင်း ထွက်လာလို့ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၂ ခုမှာ ရှိနေတဲ့ ဓာတုလက်နက်စာရင်းကို ပြန်တင်ပေး လိုက်ပါတယ်။ ဓာတုလက်နက်တွေ့တယ်ဆိုတဲ့သတင်းဟာ ပေါ့သေးသေးမဟုတ်ပါဘူး
နိုင်ငံတစ်နိုင်ငံလုံး ဖွတ်ဖွတ်ညက်ညက်ကြေသွားနိုင်ပါတယ်.။
လက်တွေ့ကြည့်မယ်ဆို.. အီရတ်နိုင်ငံပါ၊ အာရပ်ကမ္ဘာမှာ စွာကျယ်စွာကျယ် ဖြစ်လာတဲ့အချိန် ရွှေ့ပြောင်းနိုင်တဲ့ ဓာတုလက်နက်စက်ရုံတွေရှိပါတယ်ဆိုပြီး သတင်းထွက်လာရော အမေရိကန်ဝင်တီးတာ အခုထိ အီရတ်ခမျာ နလံကိုမထူတော့ပါဘူး၊ ဆက်ဒန်ဟူစိန်လည်း ကြိုးပေးခံလိုက်ရပါတယ်။
အခုက ဆီးရီးယားပါ၊ ဆီးရီးယားအစိုးရခမျာ ဓာတုလက်နက်သုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ရေးအရကြားဝင်စွက်မယ်ဆိုပြီး အမေရိကန်ရဲ့ ခြိမ်းခြောက် တာခံရပါတယ်။ ဒီမှာတင် ဆီးရီးယားအစိုးရက သူ့ရဲ့ဓာတုလက်နက်တွေကို ဖျက်ဆီးဖို့သဘောတူလိုက်ရပါတယ်။
ပုံမှာကြည့်ရင် ဆီးရီးယားပိုင်ဆိုင်တဲ့ ဓာတုလက်နက်ပမာဏနဲ့ အင်အားကြီး ၂ နိုင်ငံ ပိုင်ဆိုင်တဲ့ ဓာတုလက်နက်ပမာဏကို နှိုင်းယှဉ်ကြည့်လို့ရပါတယ်။
ကျနော့်သဘောကတော့ ဓာတုလက်နက်သတင်းကို မရေးသင့်ပါကြောင်း ပြောချင်ပါတယ်။
ကျနော်ဟာ ကိုယ့်နိုင်ငံကိုတော့ စနိုးဒန်လို သစ္စာဖောက်မှာမဟုတ်ပါဘူး၊
ကျနော်တို့ဟာ နိုင်ငံနဲ့အစိုးရကို ခွဲခြားမြင်သင့်ပါတယ်၊ အစိုးရဟာ နိုင်ငံတော် မဟုတ်ပါကြောင်းဗျာ..။
ဘာသာပြန်သတင်းများ - စည်သူ
ကမ္ဘာ့အဆင်းရဲဆုံးသမ္မတဂျို့စ်မူဂျီကာ
• ကျွန်တော့်ကို ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးသမ္မတလို့ခေါ်ကြတယ်။ ဒါပေသိ ကျွန်တော်ကတော့ ဆင်းရဲတယ်လို့ မထင်မိပါဘူး။
ဆင်းရဲသူဆိုတာ ချမ်းချမ်းသာသာနဲ့ သုံးနိုင်ဖြုန်းနိုင်တဲ့ဘ၀မှာနေဖို့ ကြိုးပမ်းနေရတဲ့သူတွေ၊ ပိုပြီးလိုချင်နေသူတွေ (ဆန္ဒအတောမသတ်နိုင်သူတွေ) ပါပဲ..။
ဂျို့စ်မူဂျီကာ - ဥရုဂွေးသမ္မတ
စည်သူ
(သူ့အကြောင်းကို အရင်က ရေးခဲ့ဖူးပါတယ်..။
နောက်မှ သူ့အကြောင်း ဆောင်းပါးသဘောမျိုးလေး တင်ပေးပါဦးမယ်။ )
•အရက်များများသောက်နိုင်သူ ဘောနပ်စ်များများရမည်
တရုတ်နိုင်ငံက သူဌေးတစ်ဦးဟာ ဒီနှစ် နှစ်သစ်ကူးမှာ သူ့ရဲ့ ၀န်ထမ်းတွေကို တစ်မူထူးခြားတဲ့နည်းနဲ့ ဘောနပ်စ်ထုတ်ပေးခဲ့ပါတယ်။
တစ်ခြားမဟုတ်ပါဘူး၊ အရက်ပိုသောက်နိုင်တဲ့သူကို ဘောနပ်စ်ပိုပေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ အရက်တစ်ခွက်သောက်သူကို ယွမ်ငွေ ၅၀၀ (၉၂ ဒေါ်လာ)၊ ၀ိုင်နီတစ်ဖန်ခွက်သောက်နိုင်သူကို ယွမ်ငွေ ၂၀၀ နဲ့ ဘီယာ တစ်ခွက်သောက်နိုင်သူကို ယွမ်ငွေ ၁၀၀ အသီးသီးချီးမြှင့်တာဖြစ်ပါတယ်။
အဲဒီပမာဏအတိုင်းသောက်နိုင်တဲ့မိန်းကလေးတွေကိုတော့ ဘောနပ်စ် နှစ်ဆ ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနေ့မှာ ၀န်ထမ်းတွေ အကုန်လုံး မူးယစ်ကုန်ကြပါတော့တယ်။ တစ်ချို့သောက် နိုင်သူတွေက ယွမ်ငွေ ၁၀၀၀၀ (ဒေါ်လာ ၁၆၅၂) လောက်ရကြပေမယ့် တစ်ချို့ကတော့ ယွမ်ငွေ ၁၀၀၀ လောက်ပဲ ရကြတယ်လို့ ဆိုပါတယ်။
ဒီလိုစနစ်နဲ့ပေးတာကို အရက်သိပ်မသောက်နိုင်သူတွေက မကျေနပ်ဘဲ ဝေဖန်ပြောဆိုနေကြတယ်လို့သိရပါတယ်။
စ
စက်ဝိုင်းလှည့်၍ကျသည့်အကွက်အတိုင်း အကျဉ်းသားများကိုအပျင်းပြေနှိပ်စက်သည့်ဖိလစ်ပိုင်ရဲများ
အချုပ်ခန်းနဲ့ဖမ်းဆီးထိန်းသိမ်းရေးစခန်းတွေမှာ ပြစ်မှုနဲ့ဖမ်းဆီးခံထားရသူတွေကို ဖိလစ်ပိုင်ရဲတွေက အပျင်းပြေနှိပ်စက်လေ့ရှိတယ်လို့သိရပါတယ်။
နှိပ်စက်တယ်ဆိုတဲ့နေရာမှာ သူတို့နှိပ်စက်နည်းတွေကို Lucky Draw လှည့်သလို စက်ဝိုင်းမှာရေးထားတာဖြစ်ပါတယ်။ ဥပမာ- စက္ကန့် ၃၀ လင်းနို့ဆိုရင် အဲဒါကို ကျတဲ့အကျဉ်းသားအနေနဲ့ စက္ကန့် ၃၀ လောက် ဇောက်ထိုးဆွဲခံထားရမှာဖြစ်ပါတယ်။ နောက် စက္ကန့် ၂၀ မန်နီပက် (ဖိလစ်ပိုင်လက်ဝှေ့ကျော်၏နာမည်အတိုကောက်) ဆိုရင် စက္ကန့် ၂၀ လုံးလုံး လက်သီးနဲ့အထိုးခံနေရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပုံမှန်မဟုတ်ဘဲ လူ့အခွင့်အရေးချိုးဖောက်တဲ့ပုံစံနဲ့ အကျဉ်းသားတွေကို နှိပ်စက်ခဲ့တဲ့ ဖိလစ်ပိုင်ရဲအရာရှိ တွေအနေနဲ့ အမှုရင်ဆိုင်နေရတယ်လို့သိရပါတယ်။
ပုံမှာမြင်ရတာ wheel of torture လို့ခေါ်တဲ့ ညှင်းပန်းရေးစက်ဝိုင်းပဲဖြစ်ပါတယ်။ အဲဒီမှာပါတဲ့ ၃ မိနစ် ဇွမ်ဘီဆိုတာပါရှိပြီး အဲဒါကိုကျရင် ဘယ်လိုနှိပ်စက်တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။
စည်သူ
•ဂျာမနီတွင်နွားမများလေလည်ရာမှပေါက်ကွဲမှုဖြစ်ပွား
ဂျာမနီနိုင်ငံအလယ်ပိုင်း ရက်စ်ဒေါ့ဖ်မြို့မှာ ရှိတဲ့ နွားရုံတစ်ရုံမှာ နွားမတွေ လေတက်၊ လေလည်မှုကြောင့် မီသိန်းဓာတ်တွေများပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။
ပေါက်ကွဲမှုကြောင့် နွားမတစ်ကောင် ဒဏ်ရာရရှိသွားပြီး အမိုးလည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနွားရုံမှာ နွားမ ၉၀ ရှိပါတယ်။
နွားမတွေအနေနဲ့ တစ်ရက်ကို မီသိန်းဓာတ်ငွေ့ လီတာ ၅၀၀ လောက် ထုတ်လွှတ်နိုင်ချေရှိတယ်လို့ ပညာရှင်တွေက တွက်ချက်ထားပါတယ်။
စည်သူ
https://www.facebook.com/translatorsithu
နောက်ဆုံးမှလက်နက်ချခဲ့တဲ့ဂျပန်သူရဲကောင်း
• ဒုတိယကမ္ဘာစစ်ပြီးဆုံးသည်ကို မယုံကြည်နိုင်၍တောတွင်း၌ ၂၉ နှစ်ကြာ ပုန်းအောင်းနေခဲ့သည့် ဂျပန်စစ်သည်
ဂျပန်စစ်သားတစ်ဦးဖြစ်တဲ့ ဟီရိုအိုနိုဒါဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားပြီ ဆိုတာကို မယုံနိုင်လို့ ဖိလစ်ပိုင်နိုင်ငံ လူဘန်ကျွန်းက တောနက်ကြီးထဲမှာ ၂၉ နှစ်ကြာ ပုန်းအောင်းနေထိုင်ခဲ့သူဖြစ်ပါတယ်။
သူဟာ ၁၉၇၄ အသက် ၅၂ နှစ်အရွယ် သူရဲ့မွေးနေ့ရောက်မှ ဖိလစ်ပိုင်သမ္မတမားကို့စ်ဆီမှာ သူ့ရဲ့ဆာမူရိုင်းဓားကိုအပ်လို့ လက်နက်ချခဲ့ပါတယ်။ လက်နက်ချတာတောင် နို့မို့ဆိုမချပါဘူး။ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ထောက်လှမ်းဖို့ နောက်ချန်နေခဲ့ရမယ်ဆိုပြီး အမိန့်ပေးခဲ့တဲ့ သူ့ရဲ့အကြီးအကဲဟောင်းကိုယ်တိုင် ဂျပန်ကလိုက်လာပြီး လက်နက်ချဖို့ အမိန့်ပေးမှ လက်နက်ချခဲ့တာဖြစ်ပါတယ်။
သူဟာ ဒုတိယကမ္ဘာစစ်မှာ နောက်ဆုံးမှလက်နက်ချခဲ့တဲ့ဂျပန်စစ်သားဖြစ်ပါတယ်။ သူ့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် ဂျပန်မှာ သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံရပြီး.. သူ့အကြောင်း စာအုပ်တွေရေးကြ၊ ရုပ်ရှင်တွေရိုက်ကြလုပ်ကြပါတယ်။
အခုတော့ မစ္စတာဟီရိုအိုနိုဒါဟာ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားရှာပြီဖြစ်ပါတယ်။
စည်သူ
ဂျပန်စစ်သားတစ်ဦးဖြစ်တဲ့ ဟီရိုအိုနိုဒါဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားပြီ ဆိုတာကို မယုံနိုင်လို့ ဖိလစ်ပိုင်နိုင်ငံ လူဘန်ကျွန်းက တောနက်ကြီးထဲမှာ ၂၉ နှစ်ကြာ ပုန်းအောင်းနေထိုင်ခဲ့သူဖြစ်ပါတယ်။
သူဟာ ၁၉၇၄ အသက် ၅၂ နှစ်အရွယ် သူရဲ့မွေးနေ့ရောက်မှ ဖိလစ်ပိုင်သမ္မတမားကို့စ်ဆီမှာ သူ့ရဲ့ဆာမူရိုင်းဓားကိုအပ်လို့ လက်နက်ချခဲ့ပါတယ်။ လက်နက်ချတာတောင် နို့မို့ဆိုမချပါဘူး။ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ထောက်လှမ်းဖို့ နောက်ချန်နေခဲ့ရမယ်ဆိုပြီး အမိန့်ပေးခဲ့တဲ့ သူ့ရဲ့အကြီးအကဲဟောင်းကိုယ်တိုင် ဂျပန်ကလိုက်လာပြီး လက်နက်ချဖို့ အမိန့်ပေးမှ လက်နက်ချခဲ့တာဖြစ်ပါတယ်။
သူဟာ ဒုတိယကမ္ဘာစစ်မှာ နောက်ဆုံးမှလက်နက်ချခဲ့တဲ့ဂျပန်စစ်သားဖြစ်ပါတယ်။ သူ့ရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကြောင့် ဂျပန်မှာ သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံရပြီး.. သူ့အကြောင်း စာအုပ်တွေရေးကြ၊ ရုပ်ရှင်တွေရိုက်ကြလုပ်ကြပါတယ်။
အခုတော့ မစ္စတာဟီရိုအိုနိုဒါဟာ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားရှာပြီဖြစ်ပါတယ်။
စည်သူ
တရုတ်နဲ့တောင်ကိုရီးယားနှစ်နိုင်ငံရဲ့သူရဲကောင်း
ကိုရီးယားနိုင်ငံဆိုင်ရာ ဂျပန်ဗိုလ်ချုပ်ကြီးကိုလုပ်ကြံခဲ့သည့် ကိုရီးယားအာဇာနည်အား ဂုဏ်ပြုသည့်ခန်းမ တရုတ်တွင် ဖွင့်လှစ်
၁၉၀၉ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံဆိုင်ရာ ဂျပန်ဗိုလ်ချုပ်ကြီး ဟီရိုဘူမီအီတို ကို လုပ်ကြံခဲ့တဲ့ ကိုရီးယားအမျိုးသား Ahn Jung-geun ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် ခန်းမတစ်ခုကို တရုတ်နိုင်ငံဟာဘင်းမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
Ahn Jung-geun ဟာ ဟာဘင်းမြို့ရဲ့ ရထားဘူတာရုံတစ်ခုမှာ အီတိုကို FN M1900 ပစ္စတိုနဲ့ သုံးချက်တိတိ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဘေးက အရာရှိသုံးဦးကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ အဲလိုပစ်ပြီးတဲ့နောက်မှာ Ahn ဟာ ရုရှားဘာသာနဲ့ ကိုရီးယားလွတ်လပ်ရေးဆိုပြီး အော်ဟစ်ရင်း ကိုရီးယားအလံကိုဝှေ့ယမ်းခဲ့ပါတယ်။
လုံခြုံရေးအရာရှိတွေက သူ့ကိုဖမ်းသွားကြပြီး ၂ ရက်ကြာတဲ့နောက်မှာ ဂျပန် အာဏာပိုင်တွေလက်ကို လွှဲအပ်လိုက်ကြပါတယ်။
သူဟာ ကိုရီးယားကာကွယ်ရေးတပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူဖြစ်ပြီး.. အီတိုကို သတ်ခဲ့တာဟာလည်း နားလည်မှုလွဲမှာလို့သတ်တာမဟုတ်ဘဲ.. သတ်သင့်တဲ့သူမို့လို့ သတ်တာဖြစ်လို့ သူ့ကို လုပ်ကြံသူလို့မသုံးနှုန်းပဲ.. စစ်သုံ့ပန်းလို့သာ သုံးနှုန်းသင့်တယ်ဆိုပြီး ရုံးတော်မှာတင်ပြခဲ့ပါတယ်။ သူဟာ အီတိုကို သတ်ရတဲ့ အကြောင်းအရင်း ၁၅ ချက်ကို တင်ပြခဲ့ပါတယ်။ ခြောက်ကြိမ် ရုံးတင်စစ်ဆေးခံရပြီးတဲ့နောက် Ahn Jung-geun ဟာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။
သူကွယ်လွန်တဲ့အချိန်မှာ အသက် ၃၀ ရှိပါပြီ..။
ဟာဘင်းမှာ သူ့ကိုမြှုပ်နှံထားတဲ့အုတ်ဂူကို အခုအထိရှာမတွေ့ဘူးလို့သိရပါတယ်။
သူ့ကို တရုတ်နဲ့ ကိုရီးယားနှစ်နိုင်ငံလုံးက မျိုးချစ်အာဇာနည်တစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။
စည်သူ
![]() |
| သူ့အကြောင်းကိုဇာတ်လမ်းပြန်ရိုက်ထားတာ |
Subscribe to:
Posts (Atom)







